Tuesday, July 24, 2018

နတ်ဆေးဆရာမလေး (2018)

#နတ်ဆေးဆရာမလေး
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းတွဲကို ထျန်းနင်နိုင်ငံ၊ ကျိုးနိုင်ငံ၊ လီနိုင်ငံ သုံးနိုင်ငံ ခေတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။
ထျန်းနင် ဘုရင်က ယုတ်မာကောက်ကျစ်တတ်ပြီး သံသယများတဲ့ ဘုရင်ဖြစ်ပါတယ်။
သူဟာလုံဖေးရန်နဲ့လည်း ညီအစ်ကိုတော်စစ်ပါတယ်။ဒါပေမယ့် အရည်ချင်းရှိတဲ့ လုံဖေးရန်ကိုလည်း ကြောက်ရွံ့နေပါတယ်။
သူ့ရဲ့ စိုးရိမ်မှုတွေကို ဖုံးကွယ်မှုအတွက် ထျန်းနင်ဘုရင်က လုံဖိုင်ရန်ကို ရုပ်ဆိုးမလေးဖြစ်တဲ့ ဟန်ယွင်ရှီ(အမှန်တကယ် ယွင်ရှီကအရမ်း ချောမောတဲ့မိန်းကလေးတစ်ယောက်ပါ) ထိမ်းမြားပေးဖို့ သူ့မယ်တော်နဲ့ပေါင်းပြီး တော်ဝင်အမိန့်တော်ကိုချမှတ်ခဲ့ပါတယ်
ဟန်ယွင်ရှီဟာ ကြင်နာသနားတတ်ပြီး
ဆေးပညာ အဆိပ်ပညာတွေကို ကျွမ်းကျင်တဲ့
ဟန်သမားတော် မိသားစုကမိန်းကလေးတစ်ယောက်ပါ။
သူမနဲ့လုံဖိုင်ရန်ဟာ အမိန့်တော်အရထိမ်းမြားပြီး အကြင်လင်မယားဖြစ်လာခဲ့ပေမယ့် အမည်ခံသက်သက်သာဖြစ်ပါတယ်။
သူမကိုမိဖုရားကြီးနဲ့ ဘုရင်ကချူပ်ကိုင်ထားခဲ့ပါတယ် ဒါပေမယ့်
အကြောင်းအမျိုးမျိုးတွေကြောင့် သူမရဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့်ရခဲ့ပြီး လုံဖိုင်ရန်ရဲ့လေးစားမှုကိုရခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့နောက်တစ်ရောက်က တောင်ကြားသခင်ကူချီရှောင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်
သူကကော ယွင်ရှီအပေါ်ဘယ်လိုသဘောထားလည်း?
လူကောင်းလား လူဆိုးလားဆိုတာကို
ဟန်ယွင်ရှီးနဲ့လုံဖိုင်ရန်ကြားမှာကောအချစ်ဆိုတာပေါက်ဖွားလာမလား
ဇာတ်လမ်းလေးကြည့်ရင်းအားပေးကြပါ
စုစုပေါင်းအပိုင်း ၄၈ ပိုင်းပါဝင်တဲ့ Legend of Yun Xi(2018) ဇာတ်လမ်းတွဲသစ်ကို 25.6.2018မှာစတင်ထုတ်လွှင့်ခဲ့ပြီး အပတ်စဉ် တနင်္လာနေ့ မှ ဗုဓ္ဒဟူးနေ့ထိ တစ်နေ့ နှစ်ပိုင်းနှုန်းဖြင့် iQiYi မှထုတ်လွင့်နေတာ ဖြစ်ပါတယ်။
Ratingမှာလည်း My Dramalist 8.7/10ထိရရှိထားပါတယ်
မနက်ဖြန်မျှော်... (6+7)#MaungZeRo👇👇📺အပိုင်း(8)
ဒီမှာဝင်ုကည့်ပါ


👇👇👇👇👇Fbအကောင့်ထဲလာဖို့လည်းဖိတ်ခေါ်ပါတယ် fb(MaungZeRo) နိုပ်ပါ🎬🇲🇲
အပိုင်း(1)....အပိုင်း(2).

အပိုင်း(3)....အပိုင်း(4)

အပိုင်း(5)....အပိုင်း(6)

အပိုင်း(7)
Disqus Comments